“ဘုရင်များရဲ့မြေ” လို့ အဓိပ္ပါယ်ရတဲ့ ရာဂျစ္စတန်ပြည်နယ် .. ခေတ်အဆက်ဆက် သမိုင်းကြောင်း အစဉ်အလာတွေနဲ့ ဘုရင်များရဲ့ ခံတပ်၊နန်းတော်၊ရဲတိုက်ကြီးတွေအပြင် .. အံ့မခန်း ဗိသုကာလက်ရာမြောက်လှတဲ့ ရှေးဟောင်း အဆောက်အဦးတွေ၊ ဘုရားကျောင်းတွေ နဲ့ stepwell လို့ခေါ်ကြတဲ့ လှေကားထစ် ရေတွင်းကြီးတွေ ရှိရာနေရာ .. အိန္ဒိယနိုင်ငံရဲ့ .. ယဉ်ကျေးမှုအမွေအနှစ်တွေ အများဆုံး ကျန်ရှိနေသေးတဲ့ ပြည်နယ်တစ်ခုဆိုလည်း မမှားပါဘူး .. Golden city လို့ ခေါ်ကြတဲ့ ရွှေရောင်လွှမ်းတဲ့မြို့ Jaisalmer မှာဆိုရင်လည်း သဲကန္တာရထဲ အရမ်းလှတဲ့…
* သူများအကြောင်းတွေ စိတ်မဝင်စားဘူး * ကိုယ်လုပ်စရာရှိတာလုပ်တယ် အများကြီး မျှော်လင့်ချက်မထားဘူး * ဖြစ်လာသမျှ အရာတိုင်းကို အကောင်းဖက်ကဘဲတွေးပြီး ကျေနပ်လက်ခံတတ်တယ် * ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တယ် overthinking မဖြစ်ဘူး * တခြားလူတွေအထင်ကြီးအောင် လို့လည်း လိုက်မနေပြဘူး * ဘေးလူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုကိုလည်း ဝမ်းနည်းခံစားမနေဘူး ၊ မတုံ့ပြန်ဘူး * ကိုယ့်ဘဝရဲ့ ဖြစ်တည်မှု အရှိကိုအရှိအတိုင်းပဲလက်ခံထားတယ် .. insecurity တွေမရှိဘူး .. * သူတို့ဖက်က တစ်ခုခုပေးလိုက်ရလို့ .. အကျိုးအမြတ်ပြန်ရပါစေတော့…
၁ # ဗုဒ္ဓဂါယာ (ပွင့်၊ဟော) ၃ညအိပ် ၄ရက် Hotel packages ၂ # ဗုဒ္ဓဂါယာ (ပွင့်၊ဟော၊စံ) ၄ညအိပ် ၅ ရက် Hotel packages ၃ # ဗုဒ္ဓဂါယာ (ဖွား၊ပွင့်၊ဟော၊စံ) ၇ညအိပ် ၈ရက် (Hotel/ဘုန်းကြီးကျောင်း) ၄ # ဒေလီ + တာ့ချ်မဟာ + ပန်းရောင်မြို့တော် ၄ညအိပ် ၅ ရက် ၅ # ဘုရင်များရဲ့မြေ ရာဂျစ္စတန် ပြည်နယ် ၈ညအိပ်…
*ပန်းရောင်မြို့တော် *အပြာရောင်မြို့တော် *ရွှေရောင်မြို့တော် *City of the lakes ခရီးစဉ်လေးမှာ ဘယ်နေရာတွေ ပါဝင်မလဲဆိုတော့ … UNESCO အမွေအနှစ် စာရင်းဝင် ရှေးဟောင်းနန်းတော်ကြီး တစ်ခုဖြစ်တဲ့ Amber Fort ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းလေးတစ်ခုလိုတည်ဆောက်ထားလို့ “ရေနန်းတော်” လို့အမည်တွင်တဲ့ Jal Mahal ပန်းရောင်မြို့တော်လို့ ပြောလိုက်တာနဲ့ မျက်စိထဲပြေးမြင်စေတဲ့ “လေပြေနန်းတော်” Hawa Mahal ရှေးခေတ်မင်းအဆက်ဆက်တို့ နန်းစိုက်နေထိုင်ခဲ့ရာ နန်းတော်တွေဖြစ်တဲ့ Jaipur နဲ့ Udaipur တို့က City Palace တွေ…
အခွင့်အရေးရှိတုန်း လုပ်ချင်တာတွေလုပ် .. ဖြစ်ချင်တာတွေလုပ်ဖို့ အခုနောက်ပိုင်း တွေ့သမျှလူကို တိုက်တွန်းဖြစ်တယ် .. တချို့အရာတွေက ပိုက်ဆံရှိတိုင်း လုပ်လို့ရတာ မဟုတ်ဘူး .. ငယ်ရွယ်မှု တို့ .. ကျန်းမာရေးတို့ .. အခွင့်အရေးတို့က လိုသေးတယ် .. ကိုဗစ်ကာလမှာ ပိုက်ဆံရှိတိုင်း .. ဆေးကုလို့မရတာ .. ခရီးတွေသွားလို့မရတာ .. ချစ်တဲ့သူနဲ့တွေ့ဖို့ အခွင့်အရေး မရတာတွေ ကြုံခဲ့ပြီးပြီ .. အဲဒါ အထင်အရှားဆုံး ဥပမာ တစ်ခု .. အဲလိုမှမဟုတ်လည်း လူတိုင်းရဲ့…
“သစ်တောကြီး တစ်ခုလုံး ဂူထဲမှာရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီး Hang Sơn Đoòng” အမ်မာ ဒီဂူကြီးအကြောင်းကို နိုင်ငံခြားသား ခရီးသွား bloggers တွေရဲ့ talkshow တစ်ခုမှာ စသိခဲ့တာတော့ ကြာပါပြီ .. စိတ်ဝင်စားလို့ Google map မှာတည်နေရာကိုရှာကြည့်တော့ လာအိုနဲ့ ဗီယက်နမ် နယ်စပ်နေရာမှာရှိတာ .. တချို့ပြောကြတာတော့ လာအိုဖက်က သွားလည်းရပါတယ်တဲ့ .. ဒါပေမဲ့ သာမန်လူတွေ သွားဖို့ မလွယ်ကူပါဘူး .. အဲဒီဂူရဲ့ အကျယ်အဝန်းဟာ အထပ် ၄၀လောက်မြင့်တဲ့…
ဒီရက်ပိုင်း တချို့ UAE နဲ့ တခြား Middle East ဖက်ကလူတွေ .. လာမေးကြတာရှိတယ် .. တခြားနိုင်ငံတစ်ခုမှာ ခဏနေရင်း အလုပ်ပြန်ရှာမယ် .. ဘယ်မှာ နေတာအဆင်ပြေမလဲပေါ့ .. တချို့ကလည်း India မှာခဏသွားကြတယ် .. တချို့ကလည်း Vietnam ပေါ့ .. အဲဒီနိုင်ငံ ၂ ခုကပဲ visa အလွယ်ဆုံးနဲ့ နေထိုင်ခွင့် အကြာဆုံးပေးထားတာ .. Visit အတွက်ကိုနော် .. ကိုယ်က ရှေ့ဘာဆက်လုပ်ရမလဲ plan…
အခုလာမဲ့ June July လတွေမှာ Vietnam ကို အလည်လာချင်တယ်ဆိုရင် .. ရာသီဥတုကတော့ အတော်လေး ပူပြီး မိုးလည်းမကြာမကြာရွာတတ်ပါတယ် .. အဲဒါကြောင့်မို့ Hochimin , Hanoi ထက်စာရင် Danang က အဆင်အပြေဆုံးပါ .. (အချိန်လည်းကြာကြာမရဘူး ဆိုတဲ့သူတွေအတွက်ပြောတာပါ) အချိန် ၃ ရက်လောက်ပဲ ရတယ်ဆိုရင် .. Danang, Hoi An လောက်ပဲသွားတာ အဆင်ပြေတယ် .. ၄ ရက် လောက်ရရင်တော့ Hue ကိုပါ…
Ha Giang Loop Bike Trip သွားတော့ Easy riders တွေနဲ့သွားတာ .. ကိုယ်တိုင်မောင်းစရာမလိုဘူး .. နောက်ကလိုက်စီးယုံပဲ .. အဲဒီမှာ leader ဆိုတဲ့ တစ်ယောက်ကတော့ English လို ပြောတတ်ပေမဲ့ .. ကိုယ့်ရဲ့ driver , easy rider က မပြောတတ်ဘူး .. ဒါပေမဲ့ သူသိတဲ့ English စကားလုံး ၂ လုံးပဲရှိတယ် .. အဲဒါက “my friend”…
သီရိလင်္ကာကိုဘယ်လိုသွားမလဲ .. ဘယ်နေရာတွေလည်မလဲ.. သီရိလင်္ကာနိုင်ငံက လှပတဲ့ကမ်းခြေတွေအများကြီးနဲ့ .. ကုန်းမြင့်တောင်တန်းတွေ အပြင်.. ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံလည်းဖြစ်လို့ လေ့လာစရာ ဘုရားစေတီတွေလည်းအများကြီးရှိပါတယ် .. ဒါပေမဲ့ အမ်မာကတော့ India မှာတုန်းကလည်း Temples တွေနဲ့ စေတီတွေအများကြီးရောက်ခဲ့ပြီးပြီမို့ .. စွယ်တော်ရှိရာ temple of tooth ကိုပဲ အဓိကထားသွားပြီးတော့ .. ကျန်တာကတော့ ပေါ့ပေါ့ပါးပါး လည်ပတ်လို့ရတဲ့နေရာလေးတွေပဲ သွားခဲ့တယ် .. Colombo ========= ပထမရက် မြို့တော် Colombo မှာ လေယဉ်ဆိုက်တော့…
